ကူမဲ နယ်မြေရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကူမဲ နယ်မြေရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရ



မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ကူမဲမြို့နယ်မြေရဲစခန်း ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

.

မြို့ပြပျောက်ကျားတပ်ဖွဲ့-ကူမဲ (UGF-Kume) နှင့် Thunderbird LDF (GFatt) အဖွဲ့တို့ ပူးပေါင်း၍ ကူမဲ တိုက်နယ်အတွင်း ဗိုလ်ကျ သောင်းကျန်းကာ ပြည်သူလူထုအား ငွေညှစ် အနိုင်ကျင့်နေသော စစ်အုပ်စု လက်ပါးစေ ကူမဲမြို့ နယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု UGF-Kume က ထုတ်ပြန်ထားသည်။

.

အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှု အခြေအနေကို မသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats