တောင်ကြီးတွင် ပြုလုပ်သည့် သက်ကြီးစာပေပညာရှင်များကန်တော့ပွဲသို့ ကန်တော့ခံပုဂ္ဂိုလ်များ တက်ရောက်နိုင်ခြင်း မရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ပြုလုပ်သည့် သက်ကြီးစာပေပညာရှင်များကန်တော့ပွဲသို့ ကန်တော့ခံပုဂ္ဂိုလ်များ တက်ရောက်နိုင်ခြင်း မရှိ


တောင်ကြီးမြို့၌ ဒီဇင်ဘာလ ၁၀ ရက်က စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ အခမ်းအနားသို့ ကန်တော့ခံ သက်ကြီးစာပေပညာရှင်များ တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

.

အဆိုပါ သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို တောင်ကြီးမြို့နယ်စာရေးဆရာအသင်းက စစ်ကောင်စီ၏ ပြန်/ဆက်ဌာန၊ Community Center တွင် ပြုလုပ်ခြင်း ဖြစ်သည်။

.

" အခု လုပ်ဖြစ်တယ်ဆိုတာကလည်း အားလုံး ခက်ခဲ နေတဲ့ အချိန်မှာ သက်ကြီးဆရာကြီးတွေ တစ်ထောင့်တစ်နေရာက အဆင်ပြေအောင် ကူညီလို့ရအောင် ရှိတဲ့ လူနဲ့ တတ်နိုင်သလောက် ကန်တော့ကြတာပါ။" ဟု စာရေးဆရာ တစ်ဦးက ပြောသည်။

.

အခမ်းအနားသို့ ကန်တော့ခံ သက်ကြီးစာပေပညာရှင် ၈ ဦး ရှိသည့်အနက် တစ်ဦးသာ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကျန် ကန်တော့ခံသက်ကြီးစာပေပညာရှင်ကြီးများမှာ ခရီးဝေးသို့ ရောက်ရှိနေခြင်း၊ ကျန်းမာရေး မကောင်းမွန်ခြင်းနှင့် အခြား အခြေအနေများကြောင့် ဖြစ်သည်ဟု သိရသည်။

.

ထို့အတူ အသင်းဝင်စာရေးဆရာ အများစုလည်း အခမ်းအနားသို့ တက်ရောက်ခြင်း မရှိကြောင်း သိရသည်။

Journal Download

Photo of three cats