တောင်ကြီးတွင် အားသွင်းမီးလုံး၊ မီးတိုင်များ အားသွင်းချိန်မရအောင် လျှပ်စစ်မီးပြတ်တောက်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် အားသွင်းမီးလုံး၊ မီးတိုင်များ အားသွင်းချိန်မရအောင် လျှပ်စစ်မီးပြတ်တောက်နေ

.

တောင်ကြီးမြို့ပေါ် ရပ်ကွက်များတွင် ယခုရက်ပိုင်းအတွင်း မီးပျက်ချိန် ပိုများလာနေပြီး အချို့ရက်များတွင် မီးလာချိန် ၂ နာရီခန့်သာ ရရှိသည့်အတွက် အားသွင်း၊ မီးတိုင်၊ မီးလုံးများ အားသွင်းချိန်မရအောင် ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။

.

.

“မီးက နေ့တိုင်း ပျက်တဲ့အပြင် ပျက်တဲ့အချိန်က ပိုများလာတယ်။ ညပိုင်းသုံးဖို့ အားသွင်းမီးလုံး၊ မီးတိုင်တွေ ဝယ်ထား လည်း အဲဒီမီးကို အားသွင်းဖို့အချိန်မရတော့ဘူး။ တစ်ခါသုံးပစ္စည်းလို ဝယ်သုံးပြီး အားကုန်ရင် လွှင့်ပစ်ရမလို ဖြစ်နေပြီ။ စစ်တပ် အာဏာသိမ်းလိုက်တာ အခု ဖယောင်းတိုင်ထွန်းရတဲ့ခေတ်ကို ပြန်ရောက်သွားတယ်” ဟု တောင်ကြီးမြို့ပေါ် တွင် နေထိုင်သူတစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၅ နာရီမီးလာ ၅ နာရီမီးပျက်စနစ်ဖြင့် ဓာတ်အားဖြန့်ဖြူး နေသည်ဟု ထုတ်ပြန်ထားသော်လည်း မြို့ပေါ်ရပ်ကွက်များ၏ မီးလာချိန်မှာ တစ်ရက်လျှင် ၂ နာရီခန့်သာရှိတော့ ကြောင်းသိရသည်။

.

“အခုရက်ပိုင်းအတွင်း နေ့လယ်ပိုင်းဆို တစ်နေကုန် ပျက်တာများတယ်။ အားသွင်းမီးလုံးတောင် အားသွင်းချိန် မရတော့ လျှပ်စစ်မီးက ဘာမှသုံးစားမရတော့ဘူး။ မီးမရှိတော့ အကုန်လုံးကို အခက်အခဲတွေဖြစ်ကုန်တာပါ။ မီးလာပြီဆိုပြီး ထမင်းအိုးတည်လိုက်တယ်။ ခဏနေ ပြန်ပျက်သွားတယ်။ ထမင်းမဟုတ်၊ ဆန်ပြုတ်မဟုတ်နဲ့ စားမရဘဲ သွန်နေရတာ လည်း နေ့စဉ်လိုပါပဲ” ဟု အခြားဒေသခံတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

ယခုရက်ပိုင်း အတွင်းတောင်ကြီးမြို့ပေါ်တွင် မီးလာသည့်အချိန် နည်းပါးနေသည့်အတွက် လာမည့် နွေရာသီကာလ တွင် ယခုထက်ပို၍ ခက်ခဲလာနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

Journal Download

Photo of three cats