.
တောင်ကြီးမြို့နယ်အတွင်း
နေရာအစုံမှ ခိုးယူခံထားရသည့် မော်တော်ဆိုင်ကယ် အများအပြား အေးသာယာနယ်မြေ ရဲစခန်းတွင်
ဖမ်းဆီးရမိထားကြောင်း သိရသည်။
.
.တောင်ကြီးမြို့ပေါ်နှင့်
အနီးပတ်ဝန်းကျင်တွင် မော်တော်ဆိုင်ကယ် ခိုးယူခံရမှုများ နေ့စဉ်ဖြစ်ပွားနေပြီး ယခု အေးသာယာရဲစခန်းတွင်
ဖမ်းဆီးရမိထားသည့် ဆိုင်ကယ်များတွင် တောင်ကြီးမြို့ပေါ်မှ ခိုးယူခံထားရသည့် ဆိုင်ကယ်
များလည်း ပါဝင်ကြောင်း သိရသည်။
.
“ပြီးခဲ့တဲ့ရက်ပိုင်းက
တောင်ကြီး အစိုးရဘဏ်နားမှာ အခိုးခံရတဲ့ သူငယ်ချင်းရဲ့ဆိုင်ကယ် အခုဖမ်းမိထားတဲ့အထဲမှာ
ပါပါတယ်။ အုံနာဘုတ်နဲ့တိုက်ပြီး မှန်တယ်ဆိုရင် တောင်ကြီး တရားရုံးမှာ ပြန်ထုတ်ယူရမယ်လို့
သိရပါတယ်” ဟု ဆိုင်ကယ်ခိုးယူခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
.
အေးသာယာနယ်မြေရဲစခန်းတွင်
ခိုးယူခံထားရသည့် ဆိုင်ကယ်အများအပြား ဖမ်းဆီးရမိထားပြီး ဆိုင်ကယ် ခိုးယူခံထားရသူများ
အနေဖြင့် လိုင်စင်ဘီးဖြစ်ပါက အုံနာဘုတ်မိတ္တူ ယူဆောင်၍ လာရောက်ကြည့်ရှုစစ်ဆေး
နိုင်ကြောင်း သိရသည်။
.
အဆိုပါ ခိုးယူခံထားရသည့်
ဆိုင်ကယ်များနှင့်အတူ ခိုးယူသူများကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။
.