ဖလမ်းနှင့် ကလေးမြို့နယ်တွင် ၃ လအတွင်း တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃၇ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖလမ်းနှင့် ကလေးမြို့နယ်တွင် ၃ လအတွင်း တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃၇ ဦး သေဆုံး

.

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်များတွင် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ၃ လတာအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ၁၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၇ ဦး သေဆုံးခဲ့ကြောင်း CNDF က သတင်းထုတ်ပြန်ထားသည်။

.

.

စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၁၅ ရက်မှ ၂၃ ရက်အတွင်း လေကြောင်းအသုံးပြုပြီး သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့ပြီး CNDF မှ ရဲဘော် ၅ ဦး ထိခိုက် ဒဏ်ရာရကာ သေဆုံးသူ မရှိခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သော အမျိုးအမည်မသိ မီးကျည်ပုံစံ လက်နက်ကြီးကြောင်း သီးဘွာလ်ကျေးရွာရှိ နေအိမ် ၃ လုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

.

ထို့အပြင် စစ်ကောင်စီတပ်သည် ဘွာလ်သဲကျေးရွာမှ စိတ်မနှံ့သူ အမျိုးသားတစ်ဦးအား သတ်ဖြတ်ကာ စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကောင်း CNDF က ထုတ်ပြန်ထားသည်။

.

[ Photo – CNDF ]

.

Journal Download

Photo of three cats