.
ဒဂုံတက္ကသိုလ်ကျောင်းသား
၇ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ က ယနေ့
ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
.
.စစ်ကောင်စီ၏ အင်းစိန်ထောင် စစ်ခုံရုံးက ဒဂုံတက္ကသိုလ်ကျောင်းသားများဖြစ်သော ကိုခန့်ဇင်ဝင်း၊
ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနှင့်
ကိုခန့်လင်းမောင်မောင် တို့ကို ပုဒ်မ ၃၀၂ (က) ဖြင့် မတရားစွပ်စွဲပြီး ယမန်နေ့ နိုဝင်ဘာလ
၃၀ ရက်တွင် သေဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ပြီးခဲ့သည့် ဧပြီ
၁၈ ရက်က ရန်ကုန်မြို့ရှိ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း
ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ အဆိုပါ ကျောင်းသား ၇ ဦးတို့ကို စွပ်စွဲကာ ဧပြီလ ၂၁ ရက်တွင်
ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.