.
တံတားဦး BGF စခန်းတစ်ခုက နိုဝင်ဘာလ ၂၉ ရက်၊ ညပိုင်းတွင်
ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကြောင့် လူနေအိမ်များနှင့် ဘုရားကျောင်းတို့
ထိမှန်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယမန်နေ့
နိုဝင်ဘာလ ၃၀ ရက်၊ ညပိုင်းတွင် ထုတ်ပြန်ထားသည်။
.
.
BGF အမှတ်
(၁၀၀၄) လက်အောက်ခံ တပ်ခွဲ (၁) တံတားဦး BGF မှ ဗိုလ်မောင်ကြီး
ဦးဆောင်သော တပ်စခန်းက နိုဝင်ဘာလ ၂၉ ရက်၊ ည ၁၀ နာရီခွဲမှ ၁၁ နာရီခွဲအတွင်း လက်နက်ကြီး
၉ လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ လက်နက်ကြီးများဖြင့်
ပစ်ခတ်မှုကြောင့် KNU ဘီးလင်းမြို့နယ်အတွင်းရှိ
ဘုရားကျောင်းနှင့် လူနေအိမ် ၉ လုံး လက်နက်ကြီးစထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
.
BGF (၁၀၁၄)
လက်အောက်ခံတပ်များသည် KNU-သထုံခရိုင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို အစဉ်မပြတ် ကျူးလွန်လျက်ရှိပြီး
BGF (၁၀၁၄) လက်အောက်ခံ
မောင်တင်ဝင်းဦးဆောင်သော တပ်ခွဲ (၂) ဘုရားကုန်းစခန်းမှ အရပ်သား ၄၀ ဦးအား
စခန်းတိုးချဲ့တည်ဆောက်ရန် အတွက် နိုဝင်ဘာလ ၃ ရက်က အတင်းအဓမ္မ ခေါ်ယူစေခိုင်း နေကြောင်း
KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် BGF
(၁၀၁၄) တပ်ခွဲ (၂) လက်အောက်ခံ
ညောင်ကုန်း BGF စစ်ဆေးရေးဂိတ်စခန်းမှလည်း
လက်နက်ကြီး၊ လက်နက်ငယ်များ မကြာခဏ ပစ်ခတ်လျက်ရှိကြောင်း KNU က ဆိုသည်။
.
[ Photo – KNU ]
.