.
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊
အမှတ် (၄) လမ်းမပေါ်ရှိ စစ်ကောင်စီတပ် ပူးပေါင်းစစ်ဆေးရေးဂိတ် အား ယနေ့ နိုဝင်ဘာလ
၂၃ ရက်၊ နံနက်ပိုင်းက အဝေးထိန်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ
ပြောက်ကျားတပ်ဖွဲ့ (Yangon Urban Guerrilla Army-YUGA) က သတင်းထုတ်ပြန်ထားသည်။
.
.မှော်ဘီမြို့နယ်၊ သဲဖြူကျေးရွာအနီး၊
အမှတ် (၄) လမ်းမပေါ်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့်
ယာဉ်ထိန်းများ စုစည်းနေချိန်၊ နံနက် ၈ နာရီ၊ ၂၅ မိနစ်ခန့်တွင် အနီးကပ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း
ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ တိုက်ခိုက်မှုကို
မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် YUGA (MO-7 Eagles) တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ဖောက်ခွဲတိုက်ခိုက်မှုအတွင်း
စစ်ကောင်စီဘက်မှ အိမ်စီးကားတစ်စီးနှင့် ဆိုင်ကယ်များ ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားနှင့်
ရဲ၊များ အနည်းဆုံး ၈ ဦး ထိခိုက်ခဲ့ကာ ၄ ဦးမှာ ဒဏ်ရာပြင်းထန်သေဆုံးနိုင်ကြောင်းနှင့်
ရဲဘော်များအားလုံး ဘေးကင်းကြောင်း YUGA
က ထုတ်ပြန်ထားသည်။
.