ရန်ကုန်တိုင်း၊ လသာမြို့နယ်၊ အနော်ရထာလမ်း၌ ယနေ့ နို၀င်ဘာ ၁၉ ရက်၊ နံနက်တွင် YBS ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှု ဖြစ်ပွားသည့် ယာဉ်မှာ YBS 21 ယာဉ် ဖြစ်ပြီး လသာမှတ်တိုင် အနီး၌ ရပ်ထားစဉ် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ပေးခဲ့သည်ဟု သိရသည်။
.
မီးလောင်မှုကြောင့် ယာဉ်၌ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း လူ ထိခိုက်မှု တစ်စုံတရာ မရှိခဲ့ကြောင်း သိရသည်။