.
တရုတ်-မြန်မာနယ်စပ်၊
မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူပေါက်အနီးရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ
ဖွင့်လှစ်ထားသည့် Top One KTV ဆိုင်တွင် ယနေ့ နိုဝင်ဘာလ ၁၄ ရက်၊ နေ့လယ်ပိုင်းက ဗုံး ၃ လုံး ပေါက်ကွဲမှုဖြစ်ပွားပြီး
၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
.
.
မင်္ဂလာမူဆယ်နှင့်
တရုတ်-မြန်မာနယ်စပ်ဝင်ပေါက် ဆင်ဖြူဂိတ်အနီးရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ
ဖွင့်လှစ်ထားသည့် Top One KTV ကို ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ (PSDA) က ဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်
စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရှရိခဲ့ကြောင်း
သိရသည်။
.
စစ်ကောင်စီတပ် လက်အောက်ခံ
ပြည်သူ့စစ်များအနေဖြင့် စစ်တပ်နှင့် ပူးပေါင်းခြင်းမပြုရန်၊ တော်လှန်ရေးအဖွဲ့အစည်း
များနှင့် ရဲဘော်များကို ဖိနှိပ်စစ်ဆေးမှုများ မလုပ်ဆောင်ရန် သတိပေးခြင်းဖြစ်ပြီး
စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ပိုင်ဆိုင်သော လုပ်ငန်းများကို စာရင်းနှင့်တကွ အတိအကျ
သိရှိထားပြီးဖြစ်၍ စစ်တပ်နှင့်ပူးပေါင်းလျှင် ပြင်းထန်သော
တိုက်ခိုက်မှုများရှိလာမည်ဟု PSDA က သတိပေးထားသည်။
.