မန္တလေး-ရွှေဘိုလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို SBDF နှင့် မဟာမိတ်များက ၂ ကြိမ်တိုင် စောင့်ကြိုတိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မန္တလေး-ရွှေဘိုလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို SBDF နှင့် မဟာမိတ်များက ၂ ကြိမ်တိုင် စောင့်ကြိုတိုက်ခိုက်

.

မန္တလေး-ရွှေဘိုလမ်းတွင် ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်က လှတောဘက်မှ ရွှေဘိုဘက်သို့ တက်လာသော စစ်ကောင်စီ ယာဉ်တန်းများးကို Shwe Bo Defense Force နှင့် မဟာမိတ်များက ၂ ကြိမ်တိုင်တိုင် စောင့်ကြိုတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း SBDF က သတင်းထုတ်ပြန်ထားသည်။

.

.

ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် လှတောဘက်မှ ရွှေဘိုဘက်သို့ လာသော စစ်ကောင်စီကား တစ်စီးအား Shwe Bo Defense Force (SBDF) စခန်း ၁ နှင့် ဒေါင်းနီအရာတော်ပြည်သူကာကွယ်ရေးအဖွဲ့၊ ယမ်းဘီးလူး ဘကျော်တိုက်နယ်၊ တောကျီးကန်းနှင့် Anyar Revolution အဖွဲ့တို့က လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

.

အလားတူ ယင်းနေ့ ညနေ ၅ နာရီခန့်တွင် လှတောမှ ထွက်လာသော စစ်ကောင်စီကား တစ်စီးကို SBDF စခန်း ၁ မိုင်း အဖွဲ့၊ ဒေါင်းနီအရာတော်ပြည်သူကာကွယ်ရေးအဖွဲ့နှင့် ယမ်းဘီးလူးဘကျော် တိုက်နယ် အဖွဲ့တို့က ဆွဲမိုင်း ၁၀ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနားလမ်း စသည့် လမ်းမကြီးများပေါ်တွင် SBDF မိုင်း အဖွဲ့များ၊ မဟာမိတ်အဖွဲ့များ လှုပ်ရှားလျက်ရှိပြီး ပြည်သူများအနေဖြင့် ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခြင်းမပြုကြပါရန်နှင့် ကားများကို မှန်ချမောင်းနှင် ကြပါရန် SBDF က မေတ္တာရပ်ခံထားသည်။

.

Journal Download

Photo of three cats