အာဆီယံ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်များကို ကြိုဆိုကြောင်း RCSS ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အာဆီယံ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်များကို ကြိုဆိုကြောင်း RCSS ထုတ်ပြန်



ကမ္ဘောဒီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သည့် ဖအကြိမ် (၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၏ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို ကြိုဆိုကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ယနေ့ နိုဝင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်သည်။

.

မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရာတွင် အာဆီယံ အနေဖြင့် ထည့်သွင်းစဉ်းစားပေးရန် တိုက်တွန်းချက်များကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ယင်းတိုက်တွန်းချက်တွင် ၁၉၄၇ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်နိုင်မှ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်မည်၊ ၂၀၂၀ ရွေးကောက်ပွဲ ပြဿနာကို ဦးတည်၍ ဖြေရှင်းခြင်းသည် အရင်းခံ နိုင်ငံရေး ပြဿနာအား ဖြေရှင်းခြင်း မဟုတ်သဖြင့် လက်ရှိနိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။

.



အာဆီယံ အနေဖြင့် တွေ့ဆုံဆွေးနွေးမည်ဆိုလျှင် EAO၊ SAC၊ နိုင်ငံရေးပါတီများ၊ တတ်သိပညာရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် Stakeholders များအားလုံးနှင့် တွေ့ဆုံဆွေးနွေး၍ ဝိုင်းဝန်းကြိုးပမ်း နည်းလမ်းရှာနိုင်မှသာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် NCA အသိသက်သေနိုင်ငံများ အဖွဲ့အစည်းများ အနေဖြင့် ပါဝင်ကူညီပံ့ပိုးရန် လိုအပ်ကြောင်းကိုလည်း တိုက်တွန်းထားသည်။

Journal Download

Photo of three cats