အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်မှု အပေါ်တွင် စစ်ကောင်စီ အနေဖြင့် ပူးပေါင်းပါဝင်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ တိုက်တွန်းချက်ကို ထောက်ခံကြိုဆိုသည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ (PPST) က ထုတ်ပြန်ခဲ့သည်။
.
PPST ၏ ဦးဆောင်ကော်မတီ အစည်းအဝေးကို နိုဝင်ဘာလ ၁၄ ရက်တွင် ပြုလုပ်ခဲ့ပြီးနောက် လက်ရှိဖြစ်ပေါ်နေသည့် ဒေသတွင်းနှင့် ပြည်တွင်း ဖြစ်ပေါ်တိုးတက်မှုများအပေါ် သဘောထား ချမှတ်မှု ထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။
.
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံရေးသဘောထားကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခွင့် ရမှသာလျှင် ထုတ်ဖော်ပြောဆိုနိုင်မည် ဖြစ်ကြောင်း ပြောကြားချက်ကိုလည်း ထောက်ခံကြိုဆိုသည်ဟု PPST က ဆိုသည်။
.
ထို့အပြင် အာဆီယံ အလှည့်ကျ ဥက္ကဌ အဖြစ် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဖြစ်လာသည့်အပေါ် ကြိုဆိုဂုဏ်ပြုကြောင်းနှင့် မြန်မာ့ပြည်၏ နိုင်ငံရေးအကျပ်အတည်းကို အောင်မြင်စွာ ဖြေရှင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်နေရာတွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရုံး ဝန်ကြီးဖြစ်သူကို ခန့်အပ်မှုအပေါ် PPST က ကြိုဆိုဂုဏ်ပြုကို ဖော်ပြထားသည်။
.
လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို AHA Center နှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားရန် အဆင့်သင့်ရှိကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားသည်ကို တွေ့ရသည်။