.
မိုင်းဖုန်းဆရာတော်သည်
ယနေ့ နိုဝင်ဘာလ ၉ ရက်၊ နေလယ်ပိုင်းက တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
နာယက ဦးအောင်ခမ်းထီနေအိမ်သို့ ကြွရောက်၍ တရားဟောကြားချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
.
.မိုင်းဖုန်းဆရာတော်သည်
ရှမ်းပြည်နယ်တောင်ပိုင်းသို့ သာသနာပြုခရီးစဉ်အဖြစ် ကြွချီရောက်ရှိနေခြင်းဖြစ်ပြီး ယနေ့
နိုဝင်ဘာလ နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးဘုရားသို့ ကြွရောက်၍
ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းက ထိုမှတစ်ဆင့် ညောင်ရွှေမြို့နယ်၊ စကားမြို့ဟောင်းသို့
ကြွချီခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ဆရာတော်သည်
စကားမြို့ဟောင်းမှတစ်ဆင့် ကက္ကူမွေတော်ဘုရားသို့ ကြွချီဖူးမြော်ပြီး ဒကာ၊ ဒကာမ များကို
တရားဟောကြားပေးကာ ကျောက်တလုံးကြီးမြို့ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နာယက ဦးအောင်ခမ်းထီ
နေအိမ်သို့ ကြွချီခဲ့ကြောင်း သိရသည်။
.
ဆရာတော်သည် ညနေပိုင်းတွင်
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဝေဠုဝန်စာသင်တိုက်၌ တရားဟောကြား ပေးခဲ့ပြီး
ညပိုင်းတွင် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၌ တရားဟောကြားပေးလျက်
ရှိကြောင်း သိရသည်။
.
[ Photo – Sao Su Kham ]
.