ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF)၏ အခြေစိုက်စခန်းအား နိုဝင်ဘာလ ၄ ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ၃ ကြောင်း ခန့်မှန်းအင်အား ၂၀၀ ကျော်ဝ န်းကျင်ဖြင့် ပိတ်ဆို့ စီးနင်းခဲ့ကြောင်း သိရသည်။
.
လက်နက်/ခဲယမ်း မလုံလောက်မှုကြောင့် ထိပ်တိုက်မရင်ဆိုင်ဘဲ ပိတ်ဆို့ထားသည့်ကြားမှ အထိအခိုက် မရှိ ဆုတ်ခွာခဲ့ရသည်ဟု PNDF က ယနေ့တွင် ထုတ်ပြန်သည်။
.
ယင်းကဲ့သို့ ဆုတ်ခွာရာတွင် ဘတ်တံဆိပ်များနှင့် အခြားသော ရိက္ခာများအား သယ်ယူနိုင်ခြင်း မရှိသဖြင့် စစ်ကောင်စီက နိုဝင်ဘာလ ၅ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်
.
ထို့အပြင် PNDF ဘတ်တံဆိပ်နှင့် ယူနီဖောင်းများကို စစ်ကောင်စီက ယူဆောင်သွားပြီး အသုံးပြုခြင်းများ ရှိနေကြောင်းကိုလည်း PNDF မဟာမိတ်များထံ အသိပေးထားသည်။
.
လက်ရှိတွင် PNDF တပ်ဖွဲ့ဝင်များအားလုံး လုံခြုံသော နေရာတွင် တစ်စုတစ်စည်းတည်း ရှိနေသည့်အတွက် ၎င်းတို့တပ်ဖွဲ့၏ ဘတ်တံဆိပ်များနှင့် သွားလာမှုများကို တွေ့ရှိပါက ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။