လောင်းလုံးမြို့နယ်၊ ကြက်ယက်တွင်းကျေးရွာနှင့် သပြောရှောင်ကျေးရွာကြား၌ ယမန်နေ့ နိုဝင်ဘာလ ၇ ရက်၊ နေ့လယ်ပိုင်းတွင် ပျူစောထီး ခေါင်းဆောင်၏ ဘီယာများနှင့် အရက်လိုင်စင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-လောင်းလုံးမြို့နယ် က ထုတ်ပြန်သည်။
.
ထားဝယ်မှ သယ်ယူလာသည့် ကျောက်နီမော်ပျူစောထီး ခေါင်းဆောင်၏ Dragon Beer များနှင့် အရက်လိုင်စင်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-လောင်းလုံးမြို့နယ် က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ပြည်သူများ အနေဖြင့် တိုက်တွန်း မေတ္တာရပ်ခံချက်များကို လိုက်နာပေးရန်ကိုလည်း တောင်းဆိုထားသည်။