ဖဲရိုက်ပြီး ပြန်လာသော စစ်ကောင်စီတပ် ဗိုလ်၂ ဦး ပါသည့် ယာဉ်ကို မုံရွာ PDF များ တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖဲရိုက်ပြီး ပြန်လာသော စစ်ကောင်စီတပ် ဗိုလ်၂ ဦး ပါသည့် ယာဉ်ကို မုံရွာ PDF များ တိုက်ခိုက်



မုံရွာမြို့နယ်၊ ကျောက်စစ်ပုံရွာ ဖဲဝိုင်းမှ ဖဲ ရိုက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်အဆင့် ၂ ဦး အပါအဝင် ၈ ဦး လိုက်ပါ စီးနင်းလာ‌သော မော်တော်ယာဉ်ကို မုံရွာမြို့၊ ပြည်တော်သာအဝိုင်းပတ်၌ စောင့်ကြို၍ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သံမဏိ Force - MPDF (မုံရွာခရိုင်တပ်ရင်း) က ထုတ်ပြန်သည်။

.

ယမန်နေ့ နိုဝင်ဘာလ ၇ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

အဆိုပါ တိုက်ခိုက်မှုကို သံမဏိ Force-MPDF (မုံရွာခရိုင်တပ်ရင်း) တပ်ခွဲ တပ်ဖွဲ့ဝင်များ ပူးပေါင်း စစ်ဆင်ရေးအနေဖြင့် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပြီး ပြန်လည် တုံ့ပြန်ပစ်ခတ်မှုများ ရှိသည့်အတွက် ပြန်လည် ဆုတ်ခွာခဲ့ရ‌သော်လည်း ထိခိုက်ဒဏ်ရာ ရမှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထို့အပြင် တိုက်ခိုက်မှုတွင် လက်နက်များ သိမ်းဆည်း ရယူနိုင်​ခြင်း မရှိ‌ကြောင်းနှင့် ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကား ၇ စီးခန့်ဖြင့် ရုပ်အလောင်းများကို လာရောက် သယ်ဆောင်ကာ ပစ်ခတ်ခံရသည့်ကားအား ကရိန်းဖြင့် ဆွဲယူသွားခဲ့ကြောင်း သံမဏိ Force - MPDF က ဆိုသည်။

Journal Download

Photo of three cats