ကလေးမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းကို နိုဝင်ဘာလ ၂၇ ရက်၊ နံနက် ၈ နာရီခွဲကျော်ခန့်တွင် ကလေး PDF က ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ မိုင်းဖောက်ခွဲ တိုက်ခိုက်မှုကြောင့် စစ်ကောက်စီယာဉ် ၂ စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှု များပြားနိုင်သည်ဟု ကလေး PDF က ဆိုသည်။
.
စစ်ကောင်စီယာဉ်တန်းသည် မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက်ယင်းနေ့ နေ့လယ် ၂ နာရီခန့်တွင် ကံလှကျေးရွာသို့ ရောက်ရှိကာ ပြည်သူ့နေအိမ်များကို ဖောက်ထွင်း၍ ပစ္စည်းများ ယူဆောင်သွားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။