တမူးမှ ကလေးသို့ လာသော စစ်ကောင်စီစစ်ကြောင်းကို တမူး PDF တပ်ရင်း(၃)က မိုင်းဆွဲတိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တမူးမှ ကလေးသို့ လာသော စစ်ကောင်စီစစ်ကြောင်းကို တမူး PDF တပ်ရင်း(၃)က မိုင်းဆွဲတိုက်ခိုက်



တမူးမြို့မှ ကလေးမြို့ဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို တမူး PDF တပ်ရင်း(၃)က နိုဝင်ဘာလ ၂၁ ရက်တွင် ပဒေသာမိုင်းများဖြင့် ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

တမူးခရိုင်အတွင်းရှိ ထင်းဇင်ကျေးရွာမှ ပြည်သူလူထု၏ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ကံမ္မကြီးကျေးရွာအနီးသို့ အရောက်၌ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အမြောက်အများ သေဆုံးခဲ့ကြောင်းနှင့် ၎င်းတို့ဘက်မှ ထိခိုက်မှု တစ်စုံတရာ မရှိ‌ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃) တမူး က ယနေ့တွင် ထုတ်ပြန်သည်။

.

အဆိုပါ တိုက်ခိုက်မှုမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်က တမူးခရိုင်အတွင်းရှိ ညီနောင်မဟာမိတ် PDF တပ်ရင်းတပ်ဖွဲ့ ၆ ခု၏ စခန်းများအား စီးနင်းတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် နှင့် ကျဆုံးသူရဲကောင်း ရဲဘော် ဝက်ကလေး တို့အတွက် လက်တုံ့ပြန်သည့် အနေဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

Journal Download

Photo of three cats