မိုးဗြဲမြို့၌ ညပိုင်း သွားလာခြင်း မပြုရန် မိုးဗြဲ PDF သတိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးဗြဲမြို့၌ ညပိုင်း သွားလာခြင်း မပြုရန် မိုးဗြဲ PDF သတိပေး

မိုးဗြဲမြို့၌ ည ၇ နာရီမှ နံနက် ၅ နာရီအတွင်းသွားလာခြင်း မပြုရန်နှင့် မဖြစ်မနေ သွားလာရန် လိုအပ်ပါက သက်ဆိုင်ရာ ကာကွယ်ရေးတပ်များထံ အကြောင်းကြား သွားလာရန် မိုး‌ဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ယနေ့ နိုဝင်ဘာလ ၂၈ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

.



စစ်ကောင်စီတပ်များသည် မိုးဗြဲမြို့ရှိ ရပ်ကွက်နေအိမ်အချို့နှင့် စက်တော်ရာ တောင်ပေါ်တွင် ကင်းပုန်းချ လှုပ်ရှား နေရာယူထားဆဲ ဖြစ်၍ မိုးဗြဲမြို့အတွင်း လုံးဝငြိမ်း‌ချမ်းနေသည် မဟုတ်သောကြောင့် ပြည်သူများ အသွားအလာ သတိရှိရန် အတွက် ယင်းကဲ့သို့ သတိပေးခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် ရပ်ကွက်အတွင်း ခိုးဆိုးလုနှိုက်၊ မူးယစ်ရောင်းဝယ် ဖောက်ကားသူများ တစ်နေ့တခြား တိုးပွားလာမှုကြောင့် ပြည်သူများ ထိတ်လန့်ကြောက်ရွံ့နေကြရ၍ တာဝန်ယူ ဖြေရှင်းနိုင်ရန်အတွက် အသိပေးအကြောင်းကြားရန်ကိုလည်း MBPDF က ပြည်သူများကို တိုက်တွန်းနိုးဆော်ထားသည်။

Journal Download

Photo of three cats