ဖယ်ခုံနှင့် မိုးဗြဲ PDF တို့၏ "သွေးကြွေးပြန်ဆပ် သိန်း ၁၀၀၀ Project" သို့ ပြည်သူများ ပူးပေါင်း ပါဝင်ပေးရန် သရုပ်ဆောင် မင်းမော်ကွန်းက ယနေ့ နိုဝင်ဘာလ ၁၁ ရက်တွင် တိုက်တွန်း ပြောဆိုခဲ့သည်။
.
အဆိုပါ "သွေးကြွေးပြန်ဆပ် သိန်း ၁၀၀၀ Project" ကို NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၁၀၀၂) နှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် (၁၀၀၇) တို့ ပူးပေါင်းကာ နိုဝင်ဘာလ ၁ ရက်က စတင် ပြုလုပ်နေခြင်း ဖြစ်ပြီး ၁၆ ရက်နေ့ထိ သတ်မှတ်ထားကြောင်း သိရသည်။
.
Project တွင် ပါဝင်ကူညီလိုသူများ အနေဖြင့် ဖယ်ခုံနှင့် မိုးဗြဲ PDF တို့၏ Facebook စာမျက်နှာများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။