စစ်ကောင်စီတပ် မီးရှို့မှု‌ကြောင့် အောက်တိုဘာအတွင်း ပြည်သူ့နေအိမ် ၁၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့‌ကြောင်း NUG ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ် မီးရှို့မှု‌ကြောင့် အောက်တိုဘာအတွင်း ပြည်သူ့နေအိမ် ၁၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့‌ကြောင်း NUG ထုတ်ပြန်



အာဏာသိမ်း စစ်ကောင်စီတပ်က မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ပြည်သူလူထုပိုင် နေအိမ်များကို ပစ်မှတ်ထားပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေရာ အောက်တိုဘာအတွင်း ပြည်သူလူထုနေအိမ် ၁၅၀၀ ကျော် ပျက်စီးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ထုတ်ပြန်သည်။
.
အဆိုပါ မီးရှို့ဖျက်ဆီးခံရမှုများအနက် စစ်ကိုင်းတိုင်းတွင် အများဆုံး ဖြစ်ပြီး လူနေအိမ်များအပြင် စပါးကျီ၊ ကား၊ ဆိုင်ကယ်နှင့် ပြည်သူလူထုပိုင်ပစ္စည်း အများအပြား မီးရှို့ခံခဲ့ရကြောင်း သိရသည်။
.
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ကောင်စီတပ်၏ မီးရှို့မှု‌ကြောင့် အောက်တိုဘာလ အတွင်း၌ စစ်ကိုင်းတိုင်းတွင် ပြည်သူပိုင်နေအိမ် ၁၀၄၄ လုံး၊ မ‌ကွေးတိုင်းတွင် ပြည်သူပိုင်နေအိမ် ၄၇၀ လုံး၊ မန္တလေးတိုင်းတွင် ပြည်သူပိုင်နေအိမ် ၁၆ လုံး၊ ချင်းပြည်နယ်တွင် ပြည်သူပိုင်နေအိမ် ၇ လုံး၊ မွန်ပြည်နယ်တွင် ပြည်သူပိုင်နေအိမ် ၆ လုံး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတွင် ပြည်သူပိုင်နေအိမ် ၂ လုံးစီ၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပြည်သူပိုင်နေအိမ် ၁ လုံးစီ၊ စုစုပေါင်း ပြည်သူပိုင်နေအိမ် ၁၅၅၁ လုံး ပျက်စီးဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။
.
ယင်း အချက်အလက်များထက် မြေပြင်တွင် ပို များနိုင်ကြောင်းလည်း NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ဆိုသည်။

Journal Download

Photo of three cats