.
လားရှိုးမြို့၊ မြို့တော်ခန်းမတွင်
ယနေ့ နိုဝင်ဘာလ ၂ ရက်၊ နေ့လယ်ပိုင်းက ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း ရှမ်းပြည် မြောက်ပိုင်းမဟာမိတ်တပ်ရင်း
(NSSAA) က ထုတ်ပြန်ထားသည်။
.
.
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကြောင့်
ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
ဖောက်ခွဲမှုအပြီးတွင်
အဖွဲ့ဝင်များ အထိအခိုက်မရှိ သေသပ်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း NSSAA ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
.
ဒဏ်ရာရ အမျိုးသားကို
လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး မြို့တော်ခန်းမအနီးတစ်ဝိုက်တွင်
ရဲနှင့် စစ်ကောင်စီတပ်သားများ လုံခြုံရေး တင်းကြပ်ထားကြောင်း သိရသည်။
.
နိုဝင်ဘာလ ၄ ရက်မှစ၍
စစ်ကောင်စီက ဦးဆောင်ပြုလုပ်မည့် လားရှိုးတန်ဆောင်တိုင်ပွဲကို ပြည်သူလူထုအနေဖြင့်
ကျဆုံးသွားသော၊ မပြေလည်သေးသော ဒီမိုကရေစီဘက်တော်သားတို့ကို ထောက်ထားကာ
သွားရောက်ပျော်ပါးမှုများ မပြုလုပ်ကြပါရန် NSSAA က မေတ္တာရပ်ခံထားသည်။
.