အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) တပ်ဖွဲ့တို့ လားရှိုးမြို့နယ်၌ နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း The Kokang ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
လွယ်ဝိန်းကျေးရွာ အနီး၌ စစ်ကောင်စီတပ်နှင့် MNDAA တပ်မဟာ (၆၁၁) တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၍ ၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး MNDAA တပ်ဖွဲ့ဝင် ၁ ဦး အသေးစား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
တိုက်ပွဲမှာ နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်တို့တွင်လည်း ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်းနှင့် တိုက်ပွဲ အခြေအနေကိုမူ မသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။