ကရင်နီ (ကယား)ပြည်နယ်၊ ဘောလခဲခရိုင်ရှိ ထူးချောင်း စစ်ကောင်စီတပ်စခန်းကို ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် (BPDF) (တပ်ရင်း ၁၁၀၅) တို့ ပူးပေါင်း၍ နိုဝင်ဘာလ ၂၇ ရက်တွင် စနိုက်ဘာဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးသည်ကို ၂ ဦး မှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု KRU က ဆိုသည်။
.
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် အများအပြား ပစ်ခတ်ခဲ့မှုကြောင့် ပူးပေါင်းတပ်ဖွဲ့ အနေဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရသော်လည်း ထိခိုက်မှု မရှိကြောင်း သိရသည်။