KNU လူသောမြို့နယ်၊ စော်မူပလောကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNU လူသောမြို့နယ်၊ စော်မူပလောကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

.

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ စော်မူပလော ကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် ပြည်သူလူထုကို ပစ်မှတ်ထား ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

.

.

စစ်ကောင်စီတပ်သည် ယနေ့ နိုဝင်ဘာလ ၉ ရက်၊ နံနက် ၁ နာရီကျော် အချိန်ခန့်တွင် စော်မူပလောကျေးရွာအုပ်စု အတွင်းရှိ တာဘော ကော်ဒဲကျေးရွာအတွင်းသို့ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တိုက်ခိုက်မှုကြောင့် ခရစ္စယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်း နှင့် မူလတန်းကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ပြီး ဘုရားကျောင်း အနီးပတ်ဝန်းကျင်တွင်နေထိုင်သော အိမ်များအားထိခိုက်မှုရှိသော်လည်း အရည်အတွက်အတိအကျအား စိစစ်နေဆဲဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats