ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေ၌ အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၂၈၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၆၉ ဦး သေဆုံး၍ ၃၀၂ ဦး ဒဏ်ရာရကြောင်း KNU က ယနေ့ နိုဝင်ဘာလ ၇ ရက်တွင် ထုတ်ပြန်သည်။
.
ထို့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) ဘက်မှ ၆ ဦး ကျဆုံး၍ ၄၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဆိုသည်။
.
စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များက နေ့စဉ်စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့်အတွက် တိုက်ပွဲများ နေစဉ် ဖြစ်ပွားနေသည်ဟု သိရသည်။
.
စစ်ကောင်စီတပ်မှ တပ်သား ၄ ဦး လက်နက် အပြည်အစုံဖြင့် KNLA ထံသို့ အလင်းဝင်ခဲ့ပြီး ၃၂ ဦးမှာ စစ်မြေပြင်၌ လက်နက်ချ အဖမ်းခံခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်သား ၁ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။