.
ဖာပွန်အခြေစိုက် စစ်ကောင်စီ၏
ခမရ (၃၄၀) တပ်ရင်းမှ တပ်သား ၂ ဦးသည် အောက်တိုဘာလ ၁၈ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး
(KNU) တပ်မဟာ (၅) ထံသို့
လက်နက်နှင့်အတူ အလင်းဝင်ခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ အလင်းဝင် တပ်သား
၂ ဦးသည် MA3 သေနတ် ၁ လက်၊ MA1 သေနတ် ၁ လက်၊ ကျည်ဆန် ၆၀၀ ခန့်နှင့်
အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး KNU တပ်မဟာ (၅) က သိန်း ၄၀ နှင့် သိန်း ၂၀ ဆုငွေ ချီးမြှင့်ခဲ့ကြောင်း မူတြော် သတင်းစဉ်က
ထုတ်ပြန်ထားသည်။
.
KNU တပ်မဟာ ၅
နယ်မြေ ဖာပွန် (မူတြော်) ခရိုင်တွင် အကြမ်းဖက်စစ်တပ်၊ BGF ပူးပေါင်းတပ်ဖွဲ့များနှင့်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီကို စွန့်ခွာကာ
အလင်းဝင်လာသူများ များပြားလာကြောင်း သိရသည်။
.