KNU မူတြောခရိုင်အတွင်းရှိ စစ်ကောင်စီရဲစခန်း ၃ ခုကို KNLA မှ ဝင်ရောက်တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNU မူတြောခရိုင်အတွင်းရှိ စစ်ကောင်စီရဲစခန်း ၃ ခုကို KNLA မှ ဝင်ရောက်တိုက်ခိုက်

.

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ၊ မူတြော်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ဖာပွန်ရဲစခန်း၊ လယ်တိုးရဲစခန်း နှင့် ကော်သွေးကျိုးရဲစခန်း တို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်းများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူများ ရှိကြောင်း KNU-Mutraw News က သတင်းထုတ်ပြန်ထားသည်။

.

.

မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ စစ်ကောင်စီ၏ လယ်တိုးစခန်းကို KNLA တပ်မဟာ (၅) လက်အောက်ရှိ တပ်ရင်းသည် နိုဝင်ဘာလ ၁၉ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု အခြေ အနေကို မသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အလားတူ မူတြော်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကော်သွေးကျိုး စခန်းတောင်ခြေရေဆိပ်တွင် စက်တင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းက KNLA တပ်မဟာ (၅) မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု အတည်မပြုနိုင်သေးကြောင်း သိရသည်။

.

ထို့အပြင် လယ်တိုးရဲစခန်းအား နိုဝင်ဘာလ ၁၆ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်က KNLA တပ်မဟာ (၅) စစ်သည်များမှ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

ယင်းနေ့ ညနေ ၅ နာရီခန့်တွင်ပင် ဖာပွန်မြို့ ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်တွင် ဖော်ပြထားသည်။

.

[ Photo – AFP ]

.

Journal Download

Photo of three cats