.
ကရင်အမျိုးသားအစည်းအရုံး
(KNU)၊ ညောင်လေးပင်ခရိုင်၊
တပ်မဟာ (၃) နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်း များကို ယနေ့ နိုဝင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းက
KNLA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ကြောင်း
သိရသည်။
.
.
KNLA တပ်မဟာ (၃)
တပ်ရင်း(၉)၊ တပ်ရင်း(၇)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ ဘောကထာ၊ တုံးတံတား၊
သံဆိပ်စစ်ကောင်စီစခန်းများအား KNLA ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၄ နာရီခန့်မှ စတင်၍ ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပဲခူးရိုးမတိုင်း၊ တပ်ရင်း (၃၇၀၂)-BPDF-Yoma က ထုတ်ပြန်ထားသည်။
.
ယင်းကဲ့သို့ စီးနင်းတိုက်ခိုက်ပြီးနောက်
စစ်ကောင်စီဘက်က နံနက် ၇ နာရီကျော်မှ စတင်၍ တိုက်လေယာဉ် ၃ စီး၊ ရဟတ်ယာဉ် ၁ စီးတို့ဖြင့်
လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဘက် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားနေဆဲ
ဖြစ်ကြောင်း သိရသည်။
.