.
ကရင်အမျိုးသားအစည်းအရုံး
(KNU)၊ တပ်မဟာ (၆) နယ်မြေ၊ ကျိုက်မရောမြို့နယ်
တောင်ကလေးရဲစခန်းနှင့် ကဒါရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)
နှင့် ပူးပေါင်းတပ်များက ယနေ့ နိုဝင်ဘာလ
၂၁ ရက်၊ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
.
.ယနေ့ နိုဝင်ဘာလ ၂၁
ရက်၊ နံနက် ၅ နာရီခန့်မှ စတင်ဖြစ်ပွားခဲ့သည့် စခန်းသိမ်းတိုက်ခိုက်မှုအတွင်း တိုက်ပွဲများ
ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ လက်နက် ခဲယမ်းများလည်း
သိမ်းဆည်းရမိခဲ့သည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
.
ထို့အပြင် စစ်ကောင်စီဘက်မှ
တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ တိုက်ခိုက်ရေး လေယာဉ်များဖြင့် အကြိမ်ပေါင်းများစွာ လာရောက်ပစ်ခတ်နေပြီး
မုဒုံမြို့နယ် ခုနစ်ခွေတောင်ခြေရင်းရှိ အမှတ် (၃၁၃) အမြောက်တပ်မှလည်း ကျေးရွာများ အတွင်းသို့
လက်နက်ကြီးများဖြင့် အဆက်မပြက် ပစ်ခတ်လျက်ရှိကာ စစ်ကောင်စီတပ်၏ အမြောက်တင် သံချပ်ကာ
ကား ၃ စီးသည် ကြံတောကျေးရွာ၊ ကြာအင်းအကွေ့၌ အထိုင်ချ၍ အနီးပတ်ဝန်းကျင် ကျေးရွာများအတွင်းသို့
ပစ်ခတ် လျက်ရှိကြောင်း သိရသည်။
.
စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့်
ကျေးရွာများအတွင်း နေအိမ်များနှင့် ကျေးရွာနေပြည်သူများ ထိခိုက်ဒဏ်ရာရမှု
ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်ခွန့်မပြုဘဲ
စစ်ကောင်စီတပ်က ပိတ်ပင်ထားကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပအဖ ထုတ်ပြန်ထားသည်။
.