ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွရဲစခန်းကို KNLA နှင့် နဂါးနီစစ်ကြောင်းတို့ ပူးပေါင်း၍ နိုဝင်ဘာ ၁၂ ရက်၊ နံနက် အစောပိုင်းက တိုက်ခိုက်ခဲ့သည်ဟု နဂါးနီစစ်ကြောင်း က ထုတ်ပြန်သည်။
.
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ ရဲစခန်းမှူး လှကျော်ဦး၊ ဒုတပ်ကြပ် စိုးငြိမ်းဦး၊ တပ်သား အောင်နန်းဇွန် တို့ သေဆုံးပြီး၊ တပ်ကြပ်ကြီး အေးကို၊ ရဲတပ်သား လွင်ကိုဟိန်း၊ ဒုတပ်ကြပ် မျိုးအေး၊ ရဲတပ်သား ကိုလင်း တို့ကို အရှင်ဖမ်းမိခဲ့ပြီး ဒုရဲအုပ် နန္ဒစိုး နှင့် ရဲဘော်တလာကို တို့မှာ ထွက်ပြေးသွားကြောင်း ဆိုသည်။
.
ထို့အတူ စစ်ကောင်စီ၏ AK47 ၁ လက်၊ M16 ၄ လက်၊ G3 ၁ လက်၊ ၆၀ မမပြောင်းတို ၁ လက်၊ရှေ့ထွက်မိုင်း ၂ လုံး၊ AK 47 ကျည် ၂၀၀ တောင့်၊M16 ကျည် ၅၀၀ တောင့်၊ G3 ကျည် ၃၀၀ တောင့် ၊၆၀ မမ ၁၀လုံးတို့ကို ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်သည် တိုက်ပွဲ ဖြစ်ပြီးချိန်တွင် လေယာဥ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့ အနေဖြင့် အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
.
ယင်းကဲ့သို့ စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရပြီး ပြည်သူ့နေအိမ်နှင့် အဆောက်အဦ အချို့ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။