စစ်ရေးတင်းမာနေမှုကြောင့် လွိုင်ကော်-ရှားတော လမ်းကို သွားလာခြင်း မပြုရန် KNDF အသိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ရေးတင်းမာနေမှုကြောင့် လွိုင်ကော်-ရှားတော လမ်းကို သွားလာခြင်း မပြုရန် KNDF အသိပေး



မြေပြင်အခြေအနေအရ စစ်ရေးတင်းမာနေမှုကြောင့် လွိုင်ကော်-ရှားတော သွားလာရန် လမ်းမကြီး တစ်လျှောက်တွင် လုံးဝ သွားလာခြင်း မပြုရန် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၁၄) က ယနေ့တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

.

အဆိုပါ လွိုင်ကော်-ရှားတော လမ်းမကြီးကို ယနေ့ နိုဝင်ဘာလ ၂၄ ရက်မှ စ၍ သွားလာခြင်း မပြုရန် အသိပေးထားခြင်း ဖြစ်သည်။

.

လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းနှင့် ရှားတောမြို့နယ်တို့၌ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်စခန်းများနှင့် ကင်းပုန်းများကို ကရင်နီ ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးတင်းမာနေခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats