ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်တို့၌ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) စနိုက်ဘာဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီ၏ ဆင်မတောင် တပ်စခန်းကို နိုဝင်ဘာလ ၁၇ ရက်တွင် KNDF တပ်ရင်း(၇)၊ တပ်ရင်း(၁)၊ တပ်ရင်း(၉)တို့ ပူးပေါင်း၍ စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့သည်ဟု KNDF တပ်ရင်း(၇)က ထုတ်ပြန်သည်။
.
အဆိုပါ စနိုက်ဘာဖြင့် ပစ်ခတ်မှုအပြီး နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ထို့အတူ ဖရူဆိုမြို့၌ ရေပိုက်ပြင်ရန် ဆင်းလာသည့် စစ်ကောင်စီတပ်သားများကို KNDF တပ်ရင်း(၄)က စနိုက်ဘာဖြင့် သွားရောက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။