ဘီလူးချောင်းအနီးရှိ တပ်စခန်းသို့ ရိက္ခာပို့ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNDF က ကြားဖြတ်တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဘီလူးချောင်းအနီးရှိ တပ်စခန်းသို့ ရိက္ခာပို့ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNDF က ကြားဖြတ်တိုက်ခိုက်

.

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ ဘီလူးချောင်းအနီးရှိ စစ်ကောင်စီ၏ ခြေကုပ်တပ်စခန်း သို့ ရိက္ခာသယ်ပို့နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်၊ ညနေပိုင်းက ကရင်နီအမျိုး သားများကာကွယ်ရေးတပ်-KNDF B (01) မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

.

လောပိတမြို့၊ ဘီလူးချောင်းအနီးရှိ စစ်ကောင်စီ၏ လောထော်တောင်ပေါ်စခန်းသို့ ရိက္ခာပို့ရန် လက်နက်အပြည့်အစုံ၊ အရပ်ဝတ်ဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးအား KNDF B (01) မှ ကြားဖြတ် ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲ ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။

.

အဆိုပါ ထိတွေ့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ ကိုင်ဆောင်သည့် MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆန်အချို့နှင့် ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

.

ထိတွေ့တိုက်ပွဲအတွင်း လောပိတမြို့အခြေစိုက် စစ်ကောင်စီ၏တပ်များမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးမှာ လွတ်မြောက်သွားကာ ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

.

ကရင်နီပြည်နယ်အတွင်း နိုဝင်ဘာလဆန်းပိုင်းမှ စတင်၍ ယနေ့အထိ ထိတွေ့တိုက်ပွဲငယ်များနှင့် အလစ်ငိုက် တိုက်ခိုက်မှုများသာ အများစုဖြစ်ပွားခဲ့ပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ရှားတော မြို့နယ်များအတွင်း တိုက်ပွဲ စုစုပေါင်း ၁၃ ကြိမ်နီးပါးဖြစ်ပွားခဲ့ကာ စစ်ကောင်စီဖက်မှ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီ၏ မြို့နယ်အလိုက် အခြေစိုက်တပ်များမှာ နိုဝင်ဘာလဆန်းပိုင်းမှစ၍ လက်နက် ကိုင် တပ်ဖွဲ့ချင်း ရင်ဆိုင်တိုက်ပွဲများကို မပြုလုပ်ရဲဘဲ စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော ပြည်သူလူထုများကိုသာ ရည် ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ကျေးရွာများအတွင်းသို့ နေ့စဉ် လက်နက်ကြီးများပစ်ခက်၍ သိက္ခာမဲ့စွာ စစ်ရာဇဝတ်မှု များကို ကျူးလွန်လျက်ရှိသည်ဟု KNDF က ဆိုသည်။

.

 

Journal Download

Photo of three cats