မိုးဗြဲ ဒေသတွင်း တစ်နေရာ၌ မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးနေသူများကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၃)နှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်း(၂) ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာလ ၃ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
ပူးပေါင်းတပ်ဖွဲ့သည် သတင်းအရ ကျေးရွာလူကြီးများနှင့် ပူးပေါင်းကာ သွားရောက် စစ်ဆေးစဥ် စိတ်ကြွရူးသွပ် ဆေးပြား ၁၁၂၀၀ ကျော်ကို တွေ့ရှိခဲ့သဖြင့် ယင်းနေရာတွင်ပင် မီးရှို့ဖျက်စီးခဲ့သည်ဟု MBPDF တပ်ရင်း(၂) က ယနေ့ နိုဝင်ဘာလ ၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ မူးယစ်ဆေးဝါး ရောင်း၀ယ်ဖြန့်ဖြူးသူကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ကွင်းဆက်တရားခံများကို ဖော်ထုတ်နိုင်ရန်အတွက် ဆက်လက်စုံစမ်းနေသည်ဟုလည်း ဆိုသည်။
.
စစ်အာဏာရှင်ကို တော်လှန်သည် သာမက လူသားမျိုးနွယ်အား အညွန့်တုန်းစေသော မူးယစ်ဆေးဝါးကိုပါ တိုက်ဖျက်နိုင်ရန်အတွက် ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု MBPDF တပ်ရင်း(၂) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။