ရှမ်းပြည်တောင်ပိုင်း အခြေပြု ဖွဲ့စည်းထားသည့် Force 36 Ranger နှင့် ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု အောင်မြင်စွာ ပြီးမြောက်ပြီ ဖြစ်ကြောင်း JPGF က အသိပေးထုတ်ပြန်ထားသည်။
.
အဆိုပါ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ရဲဘော်များ စွမ်းဆောင်ရည် ပိုမို မြင့်မားစေရန် နှင့် စည်းလုံး ညီညွတ်မှု ရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်သည်ဟု JPGF က ဆိုသည်။
.
ထို့အတူ စစ်အာဏာရှင်စနစ်အား ပိုမို ထိရောက်သောလုပ်ဆောင်ချက်များဖြင့် တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ပြည်သူများထံ အသိပေး ကြေညာထားသည်။
.
Force 36 Ranger နှင့် ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) တို့သည် ရှမ်းတောင် တော်လှန်ရေးအင်အားစုများ ဖြစ်သည့် Ye-Ngan Urban Guerrillas ၊ Urban Task Force - Aung Ban ၊ RED ANTS Guerrillas force တို့နှင့်အတူ ပူးပေါင်း၍ ရှမ်းပြည်(တောင်ပိုင်း) တော်လှန်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းထားသည်။