တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံ၌ COVID-19 ဖြင့် ဆေးရုံတက်နေသော အသက် ၄၂ နှစ်အရွယ် အမျိုးသမီး တစ်ဦး သည် ယနေ့ နိုဝင်ဘာလ ၅ ရက်နံနက် အစောပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင််း သိရသည်။
.
၎င်းသည် တာချီလိတ်မြို့၊ ပါလျံ (၁) ရပ်ကွက်၌ နေထိုင်သူ ဖြစ်ပြီး ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်းများ ခံစားရသဖြင့် နိုဝင်ဘာလ ၂ ရက်တွင် တာချီလိတ် ခရိုင်ဆေးရုံသို့ သွားရောက်ပြသ စစ်ဆေးစဥ် COVID-19 ပိုး ရှိကြောင်း တွေ့၍ ကုသမှု ခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ကွယ်လွန်သူ အမျိုးသမီး၏ ရုပ်အလောင်းကို မေတ္တာရှင် လူမှုကူညီရေးအသင်းက မြိုမသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။