အောင်ပန်းတွင် ပိုင်ရှင်မဲ့အလောင်း တွေ့ရှိ၊ စစ်ဆေးစဉ် COVID-19 ပိုး တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် ပိုင်ရှင်မဲ့အလောင်း တွေ့ရှိ၊ စစ်ဆေးစဉ် COVID-19 ပိုး တွေ့


ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ပြည်သာယာစျေးမှ လွယ်မယ်အတက်လမ်း လမ်းဘေး၌ ယမန်နေ့ နိုဝင်ဘာလ ၁ ရက်၊ ည ၇ နာရီခန့်က ပိုင်ရှင်မဲ့ ရုပ်အလောင်း တစ်ခု တွေ့ရှိခဲ့ကြောင်း သိရသည်။

.

ရုပ်အလောင်းအား အောင်ပန်းနာရေးကူညီမှုအသင်းက အောင်ပန်းဆေးရုံသို့ ပို့ဆောင်ပေးပြီးနောက် စစ်ဆေးစဉ် COVID-19 ပိုး ရှိကြောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။

.

" သေဆုံးသူက ယောက်ျားလေးပါ။ စစ်လိုက်တော့ ကိုဗစ်ပိုး တွေ့တာနဲ့ ချက်ချင်း သင်္ဂြုဟ်လိုက်ရတယ်။ သေဆုံးသူ ဘယ်သူလဲဆိုတာ မသိရသေးဘူး။" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား အောင်ပန်းနာရေးကူညီမှုအသင်းကပင် မင်းဂူသုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats