စစ်ကောင်စီတပ်မှ တပ်သား တစ်ဦးသည် လက်နက်/ခဲယမ်းများနှင့်အတူ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း (၂၇) ကော်ဘရာ ပူးပေါင်းစစ်ကြောင်းထံသို့ ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် CDM ပြုလုပ်လာသည်ဟု သိရသည်။
.
ယင်း CDM တပ်သားမှာ စစ်ကောင်စီတပ်၊ တပ်မ (၄၄) လက်အောက်ခံ ခမရ (၂) မှ တပ်သား ဟိန်းဇော်ဦး ဖြစ်ကာ MA (3) သေနတ် ၁ လက်၊ ၎င်းကျည်ဘောက် ၄ ခု၊ ၅ ဒသမ ၅၆ ကျည် ၁၀၀ တောင့် နှင့် အတူ CDM ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်း က ထုတ်ပြန်သည်။
.
၎င်းအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စား ကော်ဘရာ စစ်ကြောင်းမှုး ဗိုလ်ဒါဘော က ဆုငွေအဖြစ် ဘတ် ၅၀၀၀၀ ချီးမြင့်ခဲ့သည်ဟုလည်း သိရသည်။