မင်းတပ် CDF ကို ပိုမိုကျစ်လစ်ခိုင်မာစွာ တည်ဆောက်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး ဆက်လက်လုပ်ဆောင် သွားမည်ဟု ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မင်းတပ် CDF ကို ပိုမိုကျစ်လစ်ခိုင်မာစွာ တည်ဆောက်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး ဆက်လက်လုပ်ဆောင် သွားမည်ဟု ထုတ်ပြန်

.

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချင်းဒေသကာကွယ်ရေးတပ် (CDF) အဖွဲ့ကို ပိုမိုကျစ်လစ်ခိုင်မာရေးနှင့် စည်းကမ်း ပြည့်၀ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်စောင့်ရှောက်သည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ် ဖြစ်လာရေးအတွက် ဦးထိပ်ထားကာ စစ်အာဏာရှင်စနစ် ကျရှုံးသည်အထိ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မင်းတပ် CDF က ထုတ်ပြန်ကြေညာထားသည်။

.



.

မင်းတပ် CDF တပ်မဟာမှူး၊ ဒုတပ်မဟာမှူး၊ ဌာနမှူးများ၊ ဗျူဟာမှူးများ၊ တပ်ရင်းမှူးများ ပါဝင်သည့် အစည်းအဝေး ကို ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်က ပြုလုပ်ခဲ့ပြီး အစည်းအဝေး အပြီးတွင် ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

.

အဆိုပါ အစည်းအဝေးတွင် ပိုမိုကျစ်လစ်ခိုင်မာသည့် အဖွဲ့အစည်း ဖြစ်ပေါ်လာစေရေး၊ ရှေ့လုပ်ငန်းစဉ်များနှင့် တပ်တွင်း ပြုပြင်ပြောင်းလဲရေးကိစ္စများကို  ဆွေးနွေးခဲ့ကြောင်း သိရသည်။

.

ထို့အပြင် မင်းတပ် CDFနှင့် ပတ်သက်သည့် မည်သည့် ကိစ္စများကိုမဆို သိရှိအကြံပြုလိုပါက မင်းတပ် CDF Facebook Page ၊ တပ်မဟာမှူးရုံး၊ ဒုတပ်မဟာမှူးရုံးနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များထံသို့ ပေးပို့နိုင်ပြီး မင်းတပ် CDF ၏ ပုံရိပ် ကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိ ရေးသားပြောဆိုမှုများ လုံးဝမပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

မင်းတပ် CDF အနေဖြင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်သည် အထိ စည်းလုံးညီညွတ်စွာဖြင့် အသက်နှင့်ရင်းပြီး ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လည်း ဖော်ပြသည်။

.

Journal Download

Photo of three cats