ရေစကြို၊ ဆပ်သွားရွာကို စစ်ကောင်စီ က မီးရှို့ခဲ့သဖြင့် ဆေးပေးခန်း၊ ဝန်ထမ်းအိမ်ယာနှင့် နေအိမ်များ မီးလောင်ပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရေစကြို၊ ဆပ်သွားရွာကို စစ်ကောင်စီ က မီးရှို့ခဲ့သဖြင့် ဆေးပေးခန်း၊ ဝန်ထမ်းအိမ်ယာနှင့် နေအိမ်များ မီးလောင်ပျက်စီး



ရေစကြိုမြို့နယ်၊ ဆပ်သွားရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း၍ မီးရှို့ခဲ့ဆေးပေးခန်း၊ ဝန်ထမ်းအိမ်ယာနှင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့‌ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များက နိုဝင်ဘာလ ၁၆ ရက်တွင် ဆားလင်းကုန်းကျေးရွာအုပ်စု၊ ဆပ်သွားရွာကို ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး နေအိမ် ၆ လုံး၊ ဝန်ထမ်းအိမ်ယာ ၁ လုံးနှင့် ကျန်းမာရေး ဆေးပေးခန်း ၁ ခု တို့ မီးလောင်ပျက်စီးခဲ့ခြင်း ဖြစ်သည်ဟု Yesagyo Township Info Committee က ဆိုသည်။

.




ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးခံရ‌သော်လည်း ဒေသခံပြည်သူများ ဖမ်းဆီးခံရခြင်း၊ ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။

.

အဆိုပါ မီးရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပြန်လည် ဆုတ်ခွာသွားခဲ့သည်ဟုလည်း သိရသည်။

Journal Download

Photo of three cats