ဒေါ်သက်သက်ခိုင် ပါဝင်သည့် အခမ်းအနားသို့ ဝင်ရောက်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒေါ်သက်သက်ခိုင် ပါဝင်သည့် အခမ်းအနားသို့ ဝင်ရောက်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ



အာဏာသိမ်းစစ်ကောင်စီ၏ ဝန်ကြီး ဒေါ်သက်သက်ခိုင် ပါဝင်၍ မိန့်ခွန်းပြောဆိုသည့် အခမ်းအနားသို့ ယနေ့ နိုဝင်ဘာလ ၂၅ ရက်တွင် အွန်လိုင်းမှ ဝင်ရောက်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီက ပြုလုပ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို လူကိုယ်တိုင်နှင့် အွန်လိုင်းမှ တက်ရောက်ခြင်း ပုံစံနှစ်မျိုးဖြင့် ပြုလုပ်ရာ စစ်အာဏာရှင် ဆန့်ကျင်ရေးအဖွဲ့ တစ်ခုက Zoom မှ ဝင်ရောက်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

.




“လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ “မုဒိမ်းစစ်တပ်အမြစ်ဖြတ် စာသားများပါသည့် Zoom နောက်ခံပုံဖြင့် ဆန္ဒပြခဲ့ခြင်း ဖြစ်ကာ စစ်ကောင်စီ၏ လူကယ်ပြန်ဌာနမှ ဝန်ထမ်းများ၏ အကူအညီဖြင့် Zoom Meeting သို့ ဝင်ရောက်နိုင်ခြင်း ဖြစ်သည်ဟု သိရသည်။

.

မူလက စစ်အာဏာရှင်ဆန့်ကျင်ရေး ရုပ်သံဖွင့်၍ ဆန္ဒပြခြင်း၊ အသံဖြင့် ဆန္ဒပြခြင်းများ ပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း Zoom Setting တွင် အဆိုပါ လုပ်ဆောင်ချက်များကို ပိတ်ထားသည့့််အတွက် စစ်အာဏာရှင် ဆန့်ကျင်ရေး နောက်ခံပုံ ပြောင်းခြင်းဖြင့်သာ ဆန္ဒထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



Journal Download

Photo of three cats