.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊
အောင်ပန်း-တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့ နိုဝင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းက
ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား အခင်းဖြစ်နေရာတွင် သေဆုံးသွား
ခဲ့ကြောင်း သိရသည်။
.
.အောင်ပန်း-တောင်ကြီး
ပြည်ထောင်စုလမ်း၊ ကညနရုံးအနီး လမ်းမပေါ်တွင် ယနေ့ နိုဝင်ဘာလ ၃၀ ရက်၊ နံနက် ၁၀ နာရီခန့်က
အိမ်စီးကားတစ်စီးနှင့် ကလောမြို့၊ ရပ်ကွက် (၉) နေ ဦးကျော်ဆန်း မောင်းနှင်လာသည့် ဆိုင်ကယ်တို့
တိုက်မိခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း
သိရသည်။
.
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား
နာရေးကူညီမှုအသင်း (အောင်ပန်း) မှ အောင်ပန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
.
[ ဓါတ်ပုံ -
နာရေးကူညီမှုအသင်း (အောင်ပန်း) ]
.