မိုင်းဖုန်းဆရာတော် အင်းလေး ဖောင်တော်ဦးဘုရား အား ရွှေသင်္ကန်း ကပ်လှူ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဖုန်းဆရာတော် အင်းလေး ဖောင်တော်ဦးဘုရား အား ရွှေသင်္ကန်း ကပ်လှူ


ရှမ်းပြည်နယ်တောင်ပိုင်းသို့ ကြွချီရောက်ရှိနေသည့် မိုင်းဖုန်း ဆရာတော် သည် ယနေ့ နိုဝင်ဘာလ ၉ ရက်တွင် အင်းလေး ဖောင်တော်ဦးဘုရားအား ရွှေသင်္ကန်း ကပ်လှူခဲ့ကြောင်း သိရသည်။

.

ဆရာတော်သည် ယမန်နေ့ နိုဝင်ဘာလ ၈ ရက်တွင် နမ့်လန်မှ သဘာဝတံတား သဗ္ဗညုစုမ့်မိန်းစေတီ ထီးတင်ခြင်း၊ အင်တောမြို့၊ ကုံဟန်း (ကွန်ဟိန်း) စေတီတော် ထီးတင်ခြင်း၊ အင်တော ကျောက်ဂူ ပန်ဝိုင်ဆရာတော်အား ကန်တော့ခြင်း၊ ရပ်စောက်မြို့ တောင်ဖီလာကျောင်း ၌ တရားဟောခြင်းများ ဆောင်ရွက်ခဲ့သည်ဟု ဆရာ‌တော် စဝ်ဆုခမ်း၏ ရေးသား ဖော်ပြချက်အရ သိရသည်။

.

ထို့အတူ အောင်ပန်းတွင် KBZ မိသားစုအား တရားပေးခြင်း၊ ညောင်ရွှေ ရွှေတောင်ဦးစုမ့်မိန်းစေတီတွင် တရားဟောခြင်းများ ဆောင်ရွက်ခဲ့သည်ဟုလည်း ဆိုသည်။

.

ဆရာတော်သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တဆင့် ရှမ်းပြည်နယ် တောင်ပိုင်းသို့ သာသနာပြုခရီး အဖြစ် ကြွချီလာခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats