ယင်းမာပင်၊ ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ၆၂၉ ရက်မြောက်နေ့အဖြစ် ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ယင်းမာပင်၊ ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ၆၂၉ ရက်မြောက်နေ့အဖြစ် ဆန္ဒပြ


စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း သည် ယနေ့ နိုဝင်ဘာလ ၃၀ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ၆၂၉ ရက်မြောက်နေ့အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

.

သပိတ်စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်ရှိ ဈေးတစ်ခု၌ "လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ” စာတန်းပါ ဘန်နာကို ကိုင်‌ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

.

စစ်ကိုင်းတိုင်း အတွင်း၌ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် နယ်မြေမငြိမ်သက်မှု ဖြစ်ပေါ်နေသော်လည်း ဒေသခံပြည်သူများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုကို နေ့စဉ် ပြုလုပ်နေကြခြင်း ဖြစ်သည်။

Journal Download

Photo of three cats