ကောလင်းမြို့နယ်ရှိ ပြည်သူပိုင် နေအိမ် ၃၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကောလင်းမြို့နယ်ရှိ ပြည်သူပိုင် နေအိမ် ၃၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး


အာဏာသိမ်း စစ်ကောင်စီတပ်သည် ယနေ့ ‌နိုဝင်ဘာလ ၄ ရက်၊ နံနက် ၈ နာရီခွဲခန့်တွင် ကောလင်းမြို့နယ်၊ တောင်မော်တိုက်နယ်၊ မြောင်းကြီးရွာရှိ ပြည်သူလူထုပိုင် နေအိမ် ၃၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

.

အဆိုပါ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များမှာ ဦးဖိုးဆိတ်၊ ဒေါ်စီမ၊ ဦးမောင်ဌေး၊ ဦးတင်နွဲ့၊ ဦးကျော်မင်း၊ ဦးကျောက်ခဲ၊ ဒေါ်လှပိုင်၊ ဒေါ်စက်မေ၊ ဒေါ်ပင်လယ်၊ ဒေါ်မိုး၊ ဒေါ်ခင်မေ၊ ဦးလူမော်၊ ဦးသန်းအောင်၊ ဒေါ်ရွှေရီ၊ ဦးကျော်စိုးဝင်း၊ ဦးကြည်မောင်၊ ဦးမြင့်လင်း၊ ဦးဇော်မျိုးထွန်း၊ ဦးဝင်းနိုင်၊ ဒေါ်ကုလားမ၊ ဦးမောင်ဌေး၊ ဦးမောင်ငွေ၊ ဦးသိန်းဖေ၊ ဦးစိန်သန်း၊ ဦးကျော်သန်း၊ ဦးကျော်စွာ၊ ဒေါ်နန်း ၊ ဦးသန်း၊ ဦးစံထွေး၊ ဒေါ်သိန်း၊ ဦးမောင်ကို၊ ဦးတင်ဝင်း၊ ဦးဗိုလ်ပွ၊ ဦးဖိုးတာ၊ ဒေါ်တောက်၊ မသီတာနှင့် ဦးပွဲမောင် တို့ ပိုင်ဆိုင်သည့် နေအိမ်များ ဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်၊ နေ့လယ်ပိုင်းတွင်လည်း ကန့်ဘလူမြို့နယ်ရှိ ကိုးဝောာင်ဘို့ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး၍ အမျိုးသမီး ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats