.
တောင်ကြီးမြို့နေ ဉာဏ်ရည်မပြည့်သူ
အသက် ၂၂ နှစ်အရွယ် လူငယ် မောင်ဥက္ကာဖြိုးသည် နိုဝင်ဘာလ ၈ ရက်မှ စတင်၍ နေအိမ်မှ ပျောက်ဆုံးနေပြီး
ယနေ့ နိုဝင်ဘာလ ၁၂ ရက်အထိ အဆက်အသွယ် မရရှိသေးကြောင်း မိသားစုများ ထံက သိရသည်။
.
.“ထွက်သွားတုန်းကတော့
Hoddie အနွေးထည်အင်္ကျီ၊
ညအိပ်ဝတ် ဘောင်းဘီအပြာကွက်နဲ့ Cross ညှပ်ဖိနပ် ဝတ်ထား ပါတယ်။
သာမန်မဟုတ်တဲ့ အူတူတူ အ တတ ကလေးမို့ စိတ်ပူနေရပါတယ်။ ဘယ်ဘက်လက်မှာ အမဲမှတ် ပါပါတယ်”
ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
.
အဆိုပါ လူငယ်သည် သူငယ်ချင်း
အပေါင်းအသင်းလည်း မရှိဘဲ ယခင်က ယခုကဲ့သို့ တစ်ဦးတည်း အိမ်အပြင်သို့ ထွက် လေ့ရှိသူမဟုတ်ကြောင်း
သိရသည်။
.
မောင်ဥက္ကာဖြိုးကို
တွေ့ရှိသူများအနေဖြင့် ဖုန်း - ၀၉ ၆၉၅၂၀၃၄၇ နှင့် ၀၉ ၄၂၈၃၁၀၃၈၁ နံပါတ်များသို့ ဆက်သွယ်
ပေးရန် မိသားစုဝင်များက မေတ္တာရပ်ခံထားသည်။
.