ရှမ်းပြည်နယ်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU)နှင့် ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) တို့ ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ပူးပေါင်းမဟာမိတ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
.
ဘုံရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးအတွက် စစ်ရေးအရ သော်လည်းကောင်း၊ အပြန်အလှန် ဆက်ဆံရေးနှင့် အခြားကဏ္ဍများတွင် လည်းကောင်း၊ အချင်းချင်း ကျယ်ပြန့်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် ကျစ်လစ် ခိုင်မာစွာ တည်ဆောက်နိုင်ရေးအတွက် ပူးပေါင်းမဟာမိတ် အင်အားအစုအဖွဲ့ဖြင့် လုပ်ဆောင်သွားမည်ဟု ၎င်းတို့က ဆိုသည်။
.
ထို့အတူ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ဖျက်ရေး၊ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေးကို အဆုံးသတ်ထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။