တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းတွင် မီးလောင်မှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းတွင် မီးလောင်မှု ဖြစ်ပွား


တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ အနောက်မြို့ပတ်လမ်းရှိ ဆိုင် တစ်ခုတွင် ယနေ့ နိုဝင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းတွင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

" ဘဏ် (ကမ္ဘာ့ရတနာဘဏ်) ဘေးက ဒိုင်နမို ပတ်တဲ့ဆိုင်မှာ လောင်တာပါ။ ဝါယာရှော့လို့ သိရတယ်။ လူတော့ မထိဘူး၊ ဆိုင်ထဲက ပစ္စည်းတွေတော့ မီးလောင်သွားတယ်။" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.




အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ၊ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုမူ မသိရသေးပေ။

.

တောင်ကြီးမြို့ပေါ်တွင် လျှပ်စစ်မီး ပြတ်တောက်ချိန် များလာသည့်အပြင် ဓါတ်အား အတက်/အကျ မမှန်ခြင်းကြောင့် ပြည်သူများ၏ ဝေဖန်ပြစ်တင်မှုများ မြင့်တက်နေလျက် ရှိသည်။

Journal Download

Photo of three cats